International News

တရုတ်နိုင်ငံ ပြည်တွင်း ယူရီးယားဈေး ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ၂.၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ပြည်တွင်း ယူရီးယားဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ၂.၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖေါ်ပြထားသောဇယားအရ ပြည်တွင်းယူရီးယားစျေးကွက်ပေါက်ဈေးသည် လွန်ခဲ့သည့်အပတ်က တစ်တန်လျှင် တရုတ်ငွေကြေး ၃၁၆၇ ယွမ်ရှိခဲ့ရာမှ ယခင်အပတ်က အနည်း ငယ်ကျဆင်းခဲ့ပြီး ယခု သီတင်းပတ်ကုန်တွင် ၃၀၉၇ ယွမ်သို့ ၂.၂၁ ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ယမန်နှစ် အလားတူကာလထက် ၁၅.၁၃ ရာခိုင် နှုန်းတိုးလာခဲ့ကြောင်း၊ ကုန်ကျစရိတ် ပံ့ပိုးမှုကောင်းမွန်၍ ထုတ်လုပ်မှုနောက်ပိုင်းဝယ်လိုအားသည် ယေဘုယျသာဖြစ်သော်လည်း ယူရီးယားရောင်း လိုအားမှာ မြင့်မားပါကြောင်း ဖေါ်ပြထားပါသည်။

အမြာက်အမြားထုတ်လုပ်သူများထံမှ အချက်အလက်များအရ တရုတ်နိုင်ငံရှိ ပင်မစက်ရုံထုတ် ယူရီးယားစျေးနှုန်းသည် ပြီးခဲ့သည့်အပတ်က အနည်း ငယ်ကျဆင်းခဲ့ကြောင်း၊ ဂျန်ရှုးစန် Zhangzhou San'an ယူရီးယားတစ်တန်လျှင် ယွမ် ၃၃၀၀ ဖြင့် ယခုသီတင်းပတ်တွင် စျေးပေါက်ခဲ့ရာ လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယာယီစျေးနှုန်းတည်ငြိမ်ခဲ့ကြောင်း၊ ရှန်ဒုံးရွီဇင်း Shandong Ruixing ယူရီးယားတစ်တန်လျှင် ၃၀၆၀ ဖြင့် စျေးပေါက်ခဲ့ပြီး ယခုသီတင်းပတ်တွင် တစ်တန်လျှင် ၉၀ ယွမ် ကျဆင်းသွားကြောင်း၊ Hualu Hengsheng ယူရီးယားသည် ယခု သီတင်းပတ်ကုန် တွင် ၃၀၈၅ ယွမ်/ တန်စျေးပေါက်ခဲ့ရာ လွန်ခဲ့သည့်နှစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက တစ်တန်လျှင် ၂၀ ယွမ်စျေးကျဆင်းခဲ့ကြောင်း၊ စက်မှုလုပ်ငန်းကွင်း ဆက်၏ အထက်ပိုင်းနှင့် အောက်ပိုင်းအချက်အလက်များအရ ယူရီးယား၏ အထက်ပိုင်းထွက်ကုန်များသည် ယခင်အပတ်ကထက် အနည်းငယ်ကျ ဆင်းသွားကြောင်း၊ liquefied natural gas LNG စျေးနှုန်းသည် လွန်ခဲ့သည့်နှစ်ပတ်ကုန်တွင် တစ်တန်လျှင် ၆၃၆၂ မှ လွန်ခဲ့သည့်ရက် သတ္တပတ် အတွင်း ၅၈၂၀ ယွမ်သို့ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း၊ ယခင်အပတ်က ၈.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ် ပါက တစ်နှစ်ထက်တစ်နှစ် ၆၄.၅၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ အင်သရာဆိုဒ်ကျောက်မီးသွေးစျေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ မေလမှ ဇွန်လအထိ အင်သရာဆိုဒ် ကျောက်မီးသွေးစျေးနှုန်းသည် တစ်တန်လျှင် ယွမ် ၂၅၀ ခန့်မြင့်တက်ခဲ့ကြောင်း ယူရီးယားထုတ်လုပ်မှုအဆင့် နောက်ပိုင်း ရှိ မယ်လမင်းဈေးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် တစ်တန်လျှင် ၉၆၀၀ ယွမ်မှ ယခင်သီတင်းပတ်ကုန်တွင် ၉၅၃၃.၃၃ ယွမ်သို့ ယခင်အပတ် က အနည်းငယ်ကျဆင်းခဲ့ပြီး ၀.၆၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

၀ယ်လိုအား၏ ရှုထောင့်မှနေ၍  စိုက်ပျိုးရေးဝယ်လိုအားသည် ယေဘူယျဖြစ်ပြီး စက်မှုကဏ္ဍ လိုအပ်ချက်မှာ အဓိကအားဖြင့် ခိုင်မာပါကြောင်း၊ တောင်ဘက်တွင် မိုးရွာသွန်းမှု ပိုများလာပြီး စိုက်ပျိုးရေးအပိုင်းမှ လိုအပ်ချက်လျော့နည်းလာကြောင်း၊ ဒြပ်ပေါင်းဓာတ်မြေသြဇာနှင့် ရော်ဘာပြား စက်ရုံများ၏ လုပ်ငန်းများသည် ယေဘူယျအားဖြင့် ဝယ်ယူရန်လိုအပ်ရုံမျှသာဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းကိုစတင်ခဲ့ကြကြောင်း မယ်လမင်းဈေး အနည်းငယ်ကျလာပြီး ယူရီးယားဝယ်ယူမှု အပေါ် စိတ်အားထက်သန်မှု အားနည်းလာခဲ့သည်။

ရောင်းလိုအားရှု့ထောင့်မှနေ၍ တစ်နေ့လျှင် ယူရီးယားအထွက်နှုန်းမှာ တန်ချိန် ၁၇၀၀၀၀ ခန့်ရှိကြောင်း၊ မကြာသေးမီက အချို့သောထုတ်လုပ်သူ များသည် စက်ရုံပြုပြင်မွမ်းမံရန် စီစဉ်နေပြီး ယူရီးယားအထွက်နှုန်းလျော့ကျမည်ဟု မျှော်လင့်ရကြောင်း၊ အနာဂတ်ဈေးကွက်တွင် ယူရီးယားဈေး အနည်းငယ်အတက်အကျရှိပြီး အဓိကအားဖြင့် ကျဆင်းခဲ့ကြောင်း၊ ဇူလိုင်လ ပထမဆယ်ရက်အတွင်း ပြည်တွင်းယူရီးယားစျေးကွက်သည် အဓိက အားဖြင့် စုစည်းမှုကြောင့် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ယူရီးယားလေ့လာသုံးသပ်သူများသည် ယူရီးယားထုတ်လုပ်မှု အထက်ပိုင်းရှိ အင်သရာ ဆိုဒ်ကျောက်မီးသွေးအတုံး စျေးကွက်အနည်းငယ်တက်လာပြီး ကုန်ကျစရိတ်ထောက်ပံ့မှု ကောင်းမွန်မည်ဟု ယုံကြည်ကြကြောင်း ယူရီးယားထုတ် လုပ်မှု၏နောက်ပိုင်း စိုက်ပျိုးရေးဝယ်လိုအား အားနည်းလာကာ စက်မှုဝယ်လိုအားလွှမ်းမိုးလာသဖြင့် ယူရီးယားတင်ပို့မှုကို ကန့်သတ်ထားကြောင်း၊ယူရီးယားနေ့စဉ်ထုတ်လုပ်မှုသည် မြင့်မားသောအဆင့်တွင်ရှိပြီး ကျဆင်းမည့်မျှော်လင့်ချက်များရှိကြောင်း၊ လက်ရှိမှာ ရောင်းလိုအားက ဝယ်လိုအား ထက် ကျော်လွန်နေပြီး မကြာသေးမီက ယူရီးယားသည် အနည်းငယ်ကျဆင်းသွားနိုင်ကြောင်း သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် http://www.sunsirs.com/uk/detail_news-7790.html  

 

Category: International News